Thursday, November 26, 2009

သာဂိ ပုံပြင်

တနေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိလှသဖြင့် မိမိ၏ကွန်ပြူတာထဲမှတဆင့် ကမ္ဘာကြီးရဲ့ စာမျက်နှာတွေကို လျှောက်လှန်လှောနေမိ၏။ ယခင် ဤသို့သော အလုပ်ပိတ်ရက်များတွင် ကျွန်ုပ်၏အချိန်တော်တော်များများမှာ တဇောက်ကန်နိုင်လှသော ရုရှဖြစ်နိုင်ငံရေးစာမျက် နှာအချို့ကိုဖတ်၍ တကိုယ်တည်း ဆဲဆိုခြင်းဖြင့် အချိန်ဖြုန်းလေ့ရှိသည်။ ထိုနောက် ဒင်းတို့ တမင်တကာဆွပေးနေမှန်း သိလာတော့မှ ကိုယ်ရှိန်သတ်ပြီး ဘာသာရေးနှင့် ရသစာပေ စာမျက်နှာတွေ၌သာ အာရုံစိုက်လိုက်တော့သည်။ ဒီလိုနဲ့ ယခုအချိန်မတိုင်မှီ တစ်လ အလိုအထိ ကာလရှည်ကြာ အေးရာအေးကြောင်း ဖြစ်နေခဲ့သေးသည်။ ယခုတော့.......

မိမိ၏ အင်တာနက်စာမျက်နှာများပေါ် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအား ပြန်လည် သုံးသပ်ရင်း တပည့်ကျော် သာဂိဖျော်လာပေးသော ကော်ဖီအား စိတ်ပြေနပြေသောက် လျှက် အဖေ့ဘုတ်တွင် လယ်စိုက်နေမိသည်(ဘုရားသခင် စိတ်ဆိုးလည်း ဆိုးချင်စရာ)။ ထိုအခိုက် သာဂိသည် ကော်ဖီချပေးပြီး လှည့်ထွက်မသွားသေးပဲ မိမိဘေးတွင် မတ်တပ် ရပ်လျက်နေ၏။ ထို့ကြောင့်...

“မောင်သာဂိ.. ဘယ့်နှယ့် အကြောင်းရှိသလဲကွယ့်”
“ထွေလီကာလီရယ်တော့ မရှိပါဘူး ဆရာ.. ဆရာလယ်စိုက်တာကြည့်ပြီး ရွာမှာတုန်းက လယ်ထဲအလုပ်လုပ်ခဲ့တာတွေ သတိရသွားလို့ပါ”
“ဆရာတို့ စိုက်ထှာတော့ အလွယ်ကလေးနော”...ဟု မြင်းခြံလေသံဖြင့်ပြော၏။ သူ့အပြောကြောင့် ကျွန်ုပ်လည်းပြုံးလျှက် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမိသည်။

လယ်စိုက်၍ ပျင်းလာသောအခါ ဘလောဂ့်တွေ လှည့်ဖတ်လိုက်အုံးမှဆိုပြီး စာရေးကောင်း သော ဘလောဂ့်များကို လှည့်လည်ဖတ်ရှုနေမိသည်။ ထို့အတူ တွေ့ကရာမြင်ကရာ လင့်ခ်များကို ဟိုနှိပ်ဒီနှိပ်ဖြင့် စာရေးကောင်းသော ဘလောဂ့်သစ်ရှာဖွေခြင်းကလည်း ကျွန်ုပ်၏အကျင့်တစ်ခုပင်တည်း။ သို့ပေမယ့် အရည်မရအဖတ်မရရေးသော ဘလောဂ့်များ ကိုသာ မကြာခဏနှိပ်မိသဖြင့် ထိုအကျင့်မှာ ယခုပျောက်လုလုရှိလာသည်။

ဘလောဂ့်ဆိုသည့် သဘောတရားကို ကြီးကြီးကျယ်ကျယ် ကျွန်ုပ်ဤသို့မြင်မိသည်... ဒီမိုကရေစီထွန်းကားခါစ နိုင်ငံတစ်ခုနှင့်တူ၏။ အကောင်းရှိသလို အဆိုးလည်းရှိမည်သာ။ သို့ပေမယ့် အဆိုးကပိုများတတ်သည်က သဘာဝပေတည်း။ ထိုအဆိုးများကို လိုက်လံ ထောက်ပြဝေဖန်နေလျှင်တော့ ဖတ်ဖတ်မောရုံသာရှိပေမည်။ လောကတွင်ပြုပြင်လို့ ရမည့်သူမှာ တစ်ဦးသာလျှင်ရှိသည်။ ထိုသူမှာ အခြားမဟုတ်မိမိသာလျှင်ဖြစ်သည် ဟူသော တရားသဘောကို တဒင်္ဂလစ်လျူရှုချင်မိသည်။ ထို့ကြောင့် သူတော်ဟုအမည်ဖြင့် ဘလောဂ့်တစ်ခုလုပ်ကာ  ကျွန်ုပ်လည်းလူမိုက်ဂိုက် ဖမ်းမိလေတော့သည်။

မြင်ဖူးနေကျ အပ်ကြောင်းထပ်စကားလုံးဖြစ်တဲ့ ဘလောဂ့်ဂါဆိုတာ စာရေးဆရာမှ မဟုတ်တာ... ဟု ပြောသူများသည် မိမိရေးသောစာအား တာဝန်မခံလိုသူများအဖြစ် မြင်မိသည်။ အများမြင်သာသည့် နေရာတွင်ရေးပြီး ဆိုကတည်းက အများမျက်နှာတော့ အနည်းငယ်မျှ  ငဲ့ကြည့်သင့်ပေသည်။ ကိုယ့်ဘလောဂ့်မှာ ကိုယ်ရေးချင်တာရေးလို့ ရပါသည်။ သို့ပေမယ့် အကျိုးမပြုခဲ့လျှင်တောင် အဆိပ်အတောက်မဖြစ်ဖို့ မိမိကိုယ်ကို တာဝန်ယူသင့်သည်။ ထို့အတူ အကျိုးပြုစာ မရေးတတ်ပါဖူး အော်နေရုံနှင့်မပြီး။ မိမိရေးလာသော သက်တမ်းနှင့် မိမိအားထုတ်ခဲ့သောအရာများ ချိန်ဆတတ်ရန် လို လာသည်။ သက်တမ်းသာရင့်ပြီး အီးယောင်ဝါးဖြစ်နေရင်တော့ ရှက်စရာမဟုတ်ပေဖူးလား မောင်တို့မယ်တို့ဟု ပြောလိုက်ချင်သည်။ စာဖတ်သူနဲ့ ခံစားချက်တိုက်ဆိုင်ခဲ့ရင်တော့ ရှိစေတော့ပေါ့...။

ပရိုဆန်အောင်စာရေးနိုင်မှ ဘလောဂ့်ရေးရမယ် ဆိုတဲ့စည်းကမ်းနဲ့ Googleကတောင် အမိန့်မထုတ်တာ  ဒီသူတော်ဆိုတဲ့အကောင်က သောက်ကြီးသောက်ကျယ်ရေးပြီး သူများကို နှိပ်ကွပ်မလေး ဘာလေးကြေငြာရအောင် ဒီကောင်ကရော ဘာကောင်တုန်း ဆိုလျှင်တော့.... ကျွန်ုပ်၏ Blog Template ထဲက လက်ယာဖက်မှာ ရပ်နေတဲ့ကောင်နဲ့ပဲ ခြိမ်းခြောက်ရမှာပေါ့ ဟား ဟား။(နောက်တာနော်..အဟက်)

ရှင်းပါသည်...။ ဒင်းတို့လည်း အလကားရလို့ ရေးချင်တာရေးသည်။ ကျွန်ုပ်လည်း အလကားရလို့ ဗျင်းချင်တာဗျင်းသည်။ သို့ပေတည်း မှန်တဲ့ဖက်က ဖြစ်အောင် ကြိုးစားမည်(ကိုယ့်ဟာနဲ့ ကိုယ်တော့ဟုတ်နေတာပဲ)။ လူတိုင်းက မိမိတို့ရဲ့ ခံစားခွင့်၊ လွတ်လပ်ခွင့်တွေကို အသလွတ်ဖြုံးတီးပြစ်နေမယ့်အစား ပိုစ့်ကောင်းတွေထွက်လို့ ဘလောဂ့်လောကတိုးတက်ဖို့(ရူးတာ) ကျွန်ုပ်.. ကရုဏာဒေါသောနဲ့ ပြောနေမိတာတော့ တချို့နားလည်မည်ဟု ထင်မြင်မိသည်။

ထိုသို့သော အတွေးများဖြင့် မိမိတစ်ဦးတည်း မှိန်းမောနေခိုက်....
“ဆရာ.. ဆရာ” ဟု ခေါ်သံကြောင့် လှည့်ကြည့်မိသည်။ သာဂိမှာ ကျွန်ုပ်ဘေးတွင် ရပ်လျှက်ရှိနေသေးသည်။  
“ဘာတုန်း.. မောင်ရင်”
“ကျွန်တော်လည်း ဘလောဂ့်တစ်ခုလုပ်ပြီး ဝေဖန်ရေးလုပ်မယ် ကြံနေတာ။ အဲဒါ ဆရာဆီက ဘလော့ဂ်လုပ်နည်း သိချင်လို့”
(((ဟေ))) ဟု တစ်ခွန်းသာ ပြန်ပြောနိုင်တော့သည်။

အမှန်စစ်စစ် သာဂိမိန်းမသည်လည်း ဘလောဂ့်ရေးနေသည်မှာ နှစ်ပေါက်နေချေပြီ။ ဘလောဂ့်လုပ်နည်းနဲ့ ပက်သက်လို့ မေးချင်းမေး သူ့မိန်းမကိုတောင် ကိုယ်ကပြန်မေး ရအုံးမည်။ ဒါနဲ့ “မင်းမိန်းမ ဘာလို့ပြန်မမေးတာလဲကွ” လို့မေးတော့.. သူက ကျွန်ုပ်အား စီကာပတ်ကုံးရှင်းပြလေတော့သည်။ သာဂိစကားပြောပုံ ဆိုပေါက်မှာ ဘောက်ဆတ်ဆတ် နိုင်လှသဖြင့် စာဖတ်သူတို့ နားဝင်စေရန် ကျွန်ုပ်မှ စကားပြေဖြင့် ပြန်လည်ရှင်းပြ လိုက်သည်။(အံမယ်.. ဟိုစာရေးဆရာကြီးစတိုင်လ်ဖမ်းတာ နိပ်သဟ)

ယခုလို ရုံးပိတ်ရက်များတွင် သာဂိမိန်းမသည် သူ့ဘလောဂ့်ကိစ္စ၀ိစ္စတွေနဲ့ မအားလပ်ချေ။ မကြာခဏ မိတ်ဆုံစားပွဲလုပ်လိုက်၊ အိမ်လည်သွားလိုက်နှင့်  စာရေးတာကတော်တော် လူစုပြီးတရုံးရုံးလုပ်နေသည့် အချိန်ကများသည်။ ပိုဆိုးသည်က ဘလွတ်ဂါများစုံပြီဆိုလျှင် စာပေအကြောင်း ဆွေးနွေးသည်ထက် ပေါက်ပန်းလေးဆယ် ပြောဆို၍ ဟီးဟီး ဟားဟား လုပ်နေကြသည်။ ထို့ကြောင် အေးအေးနေတတ်သော သာဂိသည် ရုံးပိတ်ရက်တွင် ကျွန်ုပ်၏အိမ်၌ သူဖတ်ချင်ရာစာအုပ်ယူဖတ်ခါ ဇိမ်ခံလေ့ရှိသည်။ ရုံးတွင်တော့ သူက တောက်တိုမယ်ရပေါ့။ သားသမီးမရသေး၍သာ တော်တော့သည်။ နို့မို့ သာဂိမိန်းမအချိုးနဲ့ မလွယ်ရေးချ မလွယ်။

အဆိုးဆုံး သာဂိသည်းမခံနိုင်သည်က လင်ရေးမယားရေး ဆက်ဆံရေးပင်။
ထိုဆက်ဆံရေးပင် အထိခိုက်ခံကာ ညည ဘလွတ်ဂါတွေနဲ့ ဂျီတော့မှာ chatရတာ သန်းခေါင်ကျော်အထိကိုး။ တစ်ည သူတို့ဘာတွေများ ပြောဆိုနေကြသနည်းဟု သာဂိအကဲခတ်ကြည့်သောအခါ...

“ဟဲ့... ကောင်မရေ.. ငါ့ကိုတော့ ဟိုဘလောဂ့်က စောင်းမြောင်းရေးတယ်တော့”
“ဟင်.. ဟုတ်လား.. ဘယ်ဘလောဂ့်လဲ”
“သူတော် ဆိုတဲ့ဘလောဂ့်လေ”
“ဟေ.. ဟုတ်လား ငါကြားတယ်အေ့”
“အေးဟယ်.. ငါဒင်းကို စိစိညက်ညက်ချေပြစ်ချင်တာ”
“မလုပ်နဲ့ ကောင်မရဲ့ အထာနဲ့သဘောထားကြီးသလိုနေစမ်းဘာ”
...................................................................
“မမရေ... ကျွန်မကို သူတော်ဆိုတဲ့ဘလောဂ့်က ဖဲ့နေလို့..”
“ဟယ်.. တို့ဘာသာပျော်နေကြတာကို ဒင်းက အဟင့်”
“စာနဲ့ရိုက်ပြောရတာ အားမရဘူး မမရယ်.. call လိုက်မယ်နော်”

“အဲဒါ.. +%##*@...”
....................................................................
“မောင်လေးရေ.. မမကိုလေ.. သူတော်ဆိုတဲ့ ဘလောဂ့်က ဆော်နေတယ်တော့”
“ဟင် ဟုတ်လား မမ.. ဘယ်မလဲ အဲဒီကောင်”
“ရော့.. အင့် http://kothudaw.blogspot.com အဲဒီမှာ ဖတ်သာကြည့်တော့”
“ဟ.. သူက အမတစ်ယောက်တည်းကို စောင်းရေးတာ မဟုတ်ဖူးဗျ အကုန်ပတ် မွှေထားတာပဲ”
“တောက်.. ဒီဘဲကွာ”
“~@!*&+%**.... ##$*!!”

သာဂိမျက်လုံးတွေပြူးပြီး ဒေါသတွေအလိပ်လိုက် ထွက်ခဲ့ရသည်။ သူ၏မိန်းမမှာ ဘလောဂ့်ရေးပြီး ဂျီတော့မှာ စာအကြောင်းပေအကြောင်းတွေ ဆွေးနွေးနေသည်ထင်လို့ အထင်ကြီးခဲ့တာကိုး။ အခုတော့ ဒင်းက အရည်မရအဖတ်မရ ရေးရုံမက ဂျီတော့မှာပါ ရပ်ကွက်ထဲက သောက်တင်းပြောသလို အင်တာနက်ကြီးအားကိုးနဲ့ အားပါးတရပြောနေ လိုက်ပုံများ။ “ကဲ.. ဒီလောက်တောင်ဖြစ်လှတဲ့ မိန်းမ” ဆိုပြီး နေရာတင် “တဘုန်း..ဘုန်း” နဲ့မြည်အောင် သုံးလေးချက်ဆင့်ကန်လိုက်တော့ “အမငှီး.. ကိုကိုရဲ့ ဘလောဂ့်ရေးတာ အပြစ်လာလို့.. ဟင့် ဟင့်” ဆိုပြီး ငိုလို့တက်သွားတယ်။ ဒါနဲ့ သာဂိလည်း သူ့ရဲ့ချစ်မယားလေးကို မနည်းပြန်ပြီး နှာနှပ်ယူလိုက်ရတယ်တဲ့ ကွယ်ရို့။

ကဲ... ဘယ်နှယ့်ရှိစ ဘလောဂ့်အပေါင်းတို့။ ဘလောဂ့်ဂါ အတော်များများရဲ့ အလားတူ ဖြစ်ရပ်ပေါင်းများစွာကို ထောက်ရှုလို့ သူတော်ဘလောဂ့်ရေးပြီး အပျင်းပြေလက်ကညော့တာ လွန်သလားဗျာ...ဟား ဟား။

တိုက်ဆိုင်မှုရှိက လွတ်လပ်စွာစိတ်ဆိုးနိုင်သည်။
သူတော်

16 comments:

ထက်စုနှင်းဆီ said...

ကောင်း၏ ရေးသာရေး..
စကားမစပ် စာရေးသူကို သိနေသလိုလိုပဲ..
အလကားနောက်တာ မသိပါဘူးး

Dream said...

စာအရေးအသား ဆွဲဆောင်မှု ရှိတယ်... အကုန်ဖတ်သွားတယ်.... တော်တယ်နော်...

း)

ဒီဘလော့လေး ထာဝရ တည်တံ့ပါစေ...း))

ဖိုးမောင်(happycloud) said...

ဒေါက်..... ဒေါက်.... ဒေါက်....
ဦးသူတော်ရေ လာဖတ်တယ်ဗျာ... အရေးအသားကတော့ လန်ထွက်နေတာပဲ... အဟဲ ဦးသူတော်တို့ ရွာပြင်ထွက်နေချင်ပီထင်ပါ့...
ဟုတ်သည့် တိုင်အောင် မပြောသင့်ဘူးလေ...

khin oo may said...

ရေးချင်တာရေးပါ .လာဖတ်နေမယ်။

khin oo may said...

ကြိုဆိုပါတယ်ဗျာာ
လင့်ချိတ်ထားမယ်.ခွင့်ပြူပါနော်။
အားလုံးဘဲဖတ်သွားပါတယ်ခင်ဗျာ။ နေက်လဲလာဖတ်ပါမယ် ကျွန်တော့ဆီလဲလာလည်ပါဦးခင်ဗျာ။
သဘောကျတယ်ဗျာ။
(ရေးလို့ရတာတွေ မှတ်မိသမျ ရေးသွား၏)

khin oo may said...

ဟမ်
ဘာဖြစ်လို့တို့ပေးတဲ့ကွန်မက် ကတို့မေလ်ထဲကိုပြန်ရောက်လာတာလဲ။ တစ်ခါမှ မဖြစ်ဘူးပါဘူ့း ကွန်မက်ကိုရပ်ကွက်ပေါင်းစုံမှာပေးနေတာ တစ်ခါမှ တို့မေလ်ထဲကိုပြန်မရောက်ပါဘူး။

khin oo may said...

အေ် အောက်မှ ဘာမှန်းမသိတဲ့ဟာကို Unsubscribe လုပ်လိုက်တယ်။

khin oo may said...

ဟမ်
ဘာဖြစ်လို့တို့ပေးတဲ့ကွန်မက် ကတို့မေလ်ထဲကိုပြန်ရောက်လာတာလဲ။ တစ်ခါမှ မဖြစ်ဘူးပါဘူ့း ကွန်မက်ကိုရပ်ကွက်ပေါင်းစုံမှာပေးနေတာ တစ်ခါမှ တို့မေလ်ထဲကိုပြန်မရောက်ပါဘူး။

ရွှေရတုမှတ်တမ်း said...

ကဲ..ကိုသူတ်ာရေ...သူတော်ချင်းချင်း..သတင်းလွေ့လွေ့ပေါင်းဖက်တွေ့ကြတာပေါ့ဗျာ..
Link ချိပ်သွားတယ်

Dream said...

အော်..တီကွန်းကလဲChoose an identity ထဲမှာ Email follow-up comments to xxxxx@gmail.com ဆိုတာကို ကလစ်လုပ်ထားပြီး ပေးလို့ ဖြစ်ပါလိမ့်မယ်...တီကွန်းရ...

(ဟဲဟဲ..အူးအူးတူဒေါ်ရေ.... အတစ်ချိမရားယို့ ချာရာဖတ်ဒါ...အတစ်ရဲချိဖူး...ပန်ဒေါ့မယ်..ဒါဖဲ...)

အတစ်ချိရင် လက်တို့လိုက်.... ချာရေးကောင်းယို့ ရာအားပေးဒါ... :D

Anonymous said...

အပေါ်က comment ကြည့်မှ ဦးသူတော်နာမည်ကြီးနေတဲ့အချက်ကို သတိထားမိတယ်။ ဟား ဟား ဘယ်လောက်ဆော်ဆော် သူတော်မှ သူတော်ဖြစ်နေပုံထောက်တော့ ဦးသူတော်က စာရေးကောင်းတာတခုတည်း မဟုတ်လောက်တော့ဘူး။ တခြားဟာ တစ်ခုခုလည်းကောင်းပုံရတယ်။ ဒါကြောင့် bloggerမမတွေရဲ့ ပါးစပ်ဖျား ရေးပန်းစားနေတာကိုး။ အမုန်းတော့ မဆွဲပါနဲ့ ဦးသူတော်ရေ။ ချော့ဆွဲဗျ။ ချော့ဆွဲ။

မောင်မိုး said...

ဟ..ဟ လန်ထွက်နေတာပဲ..သိပ်ကောင်းတဲ့ သရော်စာပဲ...ပေါင်းလို့သင်းလို့ရပြီပေါ့။ လင့်ချိတ်ထားလိုက်မယ်။

အရှင်ဝရသာမိ said...

ကောင်းတယ် ဦးသူတော် ဖတ်လို့တော်တော်ကိုကောင်းတယ်
(((ဘလောဂ့်ဂါဆိုတာ စာရေးဆရာမှ မဟုတ်တာ... ဟု ပြောသူများသည် မိမိရေးသောစာအား တာဝန်မခံလိုသူများအဖြစ် မြင်မိသည်။ အများမြင်သာသည့် နေရာတွင်ရေးပြီး ဆိုကတည်းက အများမျက်နှာတော့ အနည်းငယ်မျှ ငဲ့ကြည့်သင့်ပေသည်။ ကိုယ့်ဘလောဂ့်မှာ ကိုယ်ရေးချင်တာရေးလို့ ရပါသည်။ သို့ပေမယ့် အကျိုးမပြုခဲ့လျှင်တောင် အဆိပ်အတောက်မဖြစ်ဖို့ မိမိကိုယ်ကို တာဝန်ယူသင့်သည်။ ထို့အတူ အကျိုးပြုစာ မရေးတတ်ပါဖူး အော်နေရုံနှင့်မပြီး။ မိမိရေးလာသော သက်တမ်းနှင့် မိမိအားထုတ်ခဲ့သောအရာများ ချိန်ဆတတ်ရန် လို လာသည်။ သက်တမ်းသာရင့်ပြီး အီးယောင်ဝါးဖြစ်နေရင်တော့ ရှက်စရာမဟုတ်ပေဖူးလား မောင်တို့မယ်တို့ဟု ပြောလိုက်ချင်သည်။)))))
အဲဒါလေးကိုတော့ အကြိုက်ဆုံးပဲဗျာ
ဒါနဲ့ ဦးသူတော်ကြိးကိုလေ တချက်လောက် ဝေဖန်ကြည့်အုံးမှ အဟက်
((((ရေးချင်တာ ရေးခဲ့နိုင်သည်။ သင်ကောင်းလျှင် ကျွန်ုပ်ဆိုးမည် မဟုတ်။)))))
သင်ကောင်းလျှင် ကျွန်ုပ်ဆိုးမည် မဟုတ် ဆိုတော့ သင်ဆိုးလျှင် ကျွန်ပ်လည်း ဆိုးမည်ဆိုတဲ့သဘောပေါ့နော် တော်တော်ကြောက်ဖို့ကောင်းတဲ့ စကားလုံးပဲ
သင်မိုက်ရိုင်းလိုကျွန်ုပ်မိုက်ရိုင်းတာပါဆိုတဲ့ စကားနဲ့ အိုးရွဲ့လို့ စလောင်းရွဲ့ရတာပါလို့ ဆင်ခြေပေးတတ်တဲ့ သူတွေထဲမှာ ဦးသူတော် ပါလားခင်ည
အဟက် မေးကြည့်တာနော်
ဦးဇင်းကတော့ ဒီလိုထင်တယ်လေ သင်ဆိုးသည်ဖြစ်စေ ရိုင်းသည်ဖြစ်စေ ကျွန်ုပ်မဆိုးနိုင်
မရိုင်းနိုင်ပါဆိုတဲ့ အယူကိုပဲ နှစ်သက်တယ်
ဒီစာကို ၀င်ရောက်ဖတ်တဲ့သူတွေပါ မှတ်သားစရာလေးရအောင် တခုလောက်ရေးကြည့်အုံးမယ်နော်
ဖြစ်ရပ်မှန်လေးပေါ့
ဘုရားရှင် ရှိစဉ်အခါကပေါ့ဗျာ ဘာရဒွါဇ လိုအမည်ရတဲ့ မိစ္ဆာဒိဌိပုဏ္ဏားကြီးတစ်ယောက်ရှိသတဲ့ သူမှာသားတစ်ယောက်လည်း ရှိလေသကွဲ့
နာမည်ကလည်း ဖခင်ရဲ့ အမည်အတိုင်းပေါ့ ဘာရဒွါဇ
လို့ပဲ ခေါ်ပါတယ် အဲ တနေ့မှာ သားဖြစ်တဲ့ ဘာရဒွါဇ ပုဏ္ဏားလေးဟာ မြတ်စွာဘုရားရှင်နဲ့ တွေ့ပြီး
ဘုရားရှင်ရဲ့ တရားတွေကို နာကြားပြီး အကျွတ်တရားရပြီး ရဟန်းပြုလိုက်တာပေါ့ကွယ်
ဒါကို ဖခင်ဖြစ်တဲ့ ဘာရဒွါဇပုဏ္ဏားကြိးက သိတဲ့အခါ ဒေါသူပုန်ထပြီး သောင်းကျန်းတော့တာပေါ့
မကြားဝံ့ မနာသာ စကားလုံးတွေနဲ့ ဆဲရေးတိုင်းထွာပြီး ဇေတ၀န်ကျောင်းတော်ကြီးထဲကို
ဝင်ရောက်လာတယ်ပေါ့ဗျာ မိစ္ဆာဒိဌိကြီးကိုး။
ဆဲရေးတိုင်းထွာပြီး ၀င်လာတော့ ဘုရားရှင်ရဲ့ သာဝကတွေက တားကြတာပေါ့ ကျောင်းထဲကို ၀င်ခွင့် မပြုလေဘူးကွဲ့
အဲဒါကို ဘုရားရှင်က ငါ့ရှင်တို့ အေးအေးဆေးဆေးဝင်ခွင့်ပြုလိုက်ပါလို့ မိန့်သတဲ့
အရှင်ဘုရားကို ဆဲရေးတိုင်းထွာလာတာ ၀င်ခွင့်ပြုလို့ ဖြစ်မလားဘုရားလို့ လျှောက်တာပေါ့
ရပါတယ် အေးအေးဆေးဆေး ၀င်ခွင့်ပြုလိုက်ပါပေါ့
ဘုရားရှင်က သူရှေ့ရောက်လာတဲ့ ပုဏ္ဏားကြီးကို နေရာထိုင်ခင်းတွေ ကောင်းကောင်းမွန်မွန်လုပ်ပေးဖို့
တပည့်တွေကို ပြုလုပ်ခိုင်းတာပေါ့
နောက်ပြီး ပုဏ္ဏားကြိးကို ဖာလူဒါအအေးနဲ့ ဂျေဒိုးနတ်
မုန့်တို့ ရွှေပုဇွန်ကိတ်တွေနဲ့ ဖွယ်ဖွယ်ရာရာ ဧည့်ခံတာပေါ့ဗျာ ဒါကိုကြည့်ပြီး ပုဏ္ဏားကြိး စဉ်းစာတော့တာပေါ့ ငါ ဒီလောက်ဆဲဆိုလာတာတောင်
ငါ့ကို နေရာထိုင်ခင်လဲပေးတယ် အစားအသောက်တွေနဲ့လဲ ဖွယ်ဖွယ်ရာရာဧည့်ခံတယ်ဆိုပြီး တွေဝေ စဉ်းစားတော့တာပေါ့ အဲဒီတော့ ဘုရားရှင်က ပုဏ္ဏားကြိးကို မေးသဗျ

“ပုဏ္ဏားကြိး သင့်အိမ်ကို ဧည့်ကောင်းဆွေကောင်းတွေလာတဲ့အခါ ဒီလိုမျိုး စားကောင်းသောက်ဖွယ်တွေနဲ့ ဖွယ်ဖွယ်ရာ ဧည့်ခံသလား”

ဧည့်ခံတာပေါ့...

“အဲဒီလို သင်က ဧည့်ခံပါလျက်နဲ့ ထိုဧည့်သည်တွေက
သင်ကျွေးတာတွေကို တို့လဲမတို့ ထိလဲမထိဘဲ စာမသွားဘူး ဆိုရင် ထိုဧည့်သည်တွေပြန်သွားတဲ့အခါ
အဲဒီမုန့်တွေက ဘယ်သူပစ္စည်းတွေဖြစ်မလဲ”

ငါက ဧည့်ခံပါလျက် သူတို့က မစားတာ သူတို့ပြန်သွားတဲ့အခါ ငါ့ပစ္စည်းပဲ ပြန်ဖြစ်မှာပေါ့

“အေး အဲဒီလိုပဲ ပုဏ္ဏားကြီး စောစောက သင့်ငါ့ကို ဆဲရေးတာတွေကို ငါ ခံယူခြင်း မရှိပါဘူးတဲ့”

ဒါကိုကြည့်ခြင်းအားဖြင့်ပေါ့ဗျာ ကိုယ့်ကို ရိုင်းစိုင်းစွာဆက်ဆံလာတဲ့သူ မကောင်းမြင်တဲ့စိတ်နဲ့ ပြောဆိုဆက်ဆံလာတဲ့သူကို ကိုယ်က ပြန်ပြီး ရိုင်းစရာမလိုဘူးလေ ပြန်ပြီး ဆိုးစရာ မလိုဘူး
ဟုတ်တယ်ဟုတ်

သင်မိုက်ရိုင်းလိုကျွန်ုပ်မိုက်ရိုင်းတာပါဆိုတဲ့ စကားကိုဆိုပြီး အိုးရွဲ့လို့ စလောင်းရွဲ့ရတာပါလို့ ဆင်ခြေပေးတတ်တဲ့ ခပ်ညံ့ညံ့လူတွေထဲမှာ
မပါအောင် ကြိုးစားနော် ဦးသူတော်

ဦးသူတော်ဝေဖန်တာလေးတွေ ကောင်းပါတယ်ဗျာ
ဆက်လုပ်ပါ လုပ်စရာရှိတာ
ဦးဇင်းကလည်း အညောင်းပြေအညာပြေ ဝေဖန်ကြည့်တာ အဟက်

ခင်မင်စွာဖြင့်
ဥိးဇင်းလေး
http://www.sbay-student.org/

Ko Thu Daw said...

ကြားဖူးပြီးသား တရားဖြစ်ပေမယ့် နှလုံးမသွင်းနိုင်သေးတာဆိုးတယ် အရှင်ဘုရား။ တပည့်တော်အနေနဲ့ စိတ်အချဉ်ပေါက်တဲ့အခါ ပုထုဇဉ်ထုံးစံအတိုင်း ထေ့တတ် သရော်တတ်တဲ့စရိုက်လေးက ပါနေတော့ ၀န္ဒာမိပါဘုရား။

လေးစားစွာဖြင့်..
သူတော်

Anonymous said...

စီဘောက်မရှိလို့ ဒီမှာပဲ သတင်းပေးသွားတယ် ကိုသူတော်ရေ..။
ဆရာဖေမြင့်ရဲ့ စာတွေကို Credit မပေးပဲ ကူးချပြီး ဘလောဂ့်အကယ်ဒမီ ရမယ်ဆိုရင် ဖြစ်သင့်ပါသလား ။ ဒီလင့်လေးကို သွားဖတ်ကြည့်ပါ။ http://www.blog.moeeaintphyu.net/2010/02/blog-post_02.html

ဝေဖန်ရေးလေး လုပ်ပါအုံး။ မဖတ်ရတာ ကြာပြီဗျ

khin oo may said...

ရေးပါဦး။